Ecosystem Services

  • Burmese ArticlesB2ap3 Large Post Cover.jpg

    ရာသီဥတုပြောင်းလဲမှုကိုခုခံဖို့ သီရိလင်္ကာအတွက် ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ဖြေရှင်းချက်များ

    သီရိလင်္ကာနိုင်ငံသည် တောင်အာရှရှိ မြေဆီဩဇာကောင်းမွန်သည့် အပူပိုင်းဒေသကျွန်းတကျွန်းဖြစ်သည်။  ရာသီဥတု၊ မြေဆီကောင်းမွန်ခြင်းနှင့် ရေအရင်းအမြစ်ရရှိမှုသည် စိုက်ပျိုးရေးကဏ္ဍကို နိုင်ငံစီးပွားရေးအတွက် အရေးပါကြီးစိုးသည့်ကဏ္ဍတရပ်ဖြစ်စေသည်။ နိုင်ငံ့ဂျီဒီပီ (စုစုပေါင်းပြည်တွင်းထုတ်ကုန်) ၏(၇) ရာခိုင်နှုန်းနှင့် အလုပ်အကိုင်များ၏ (၂၅) ရာခိုင်နှုန်းသည် စိုက်ပျိုးရေးကဏ္ဍမှဖြစ်ပေသည်။ အဓိကစိုက်ပျိုးသည့် သီးနှံမှာ ဆန်စပါးဖြစ်သည်။ ဤကျွန်းနိုင်ငံကို ၎င်း၏ စိုက်ခင်းစိုက်ပျိုးရေးနှင့် ပေါကြွယ်ဝသည့် အသီးအရွက်၊ သစ်သီးဝလံများနှင့် ယှဉ်တွဲကာသိကြသည်။ ကျေးလက်ဒေသတွင် နေထိုင်ကြသူများ၏ (၈၀) ရာခိုင်နှုန်းကျော်သည် ယနေ့ကာလမှာပင် စိုက်ပျိုးရေးကဏ္ဍကို အားထားနေရသည်။ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များသည် စိုက်ပျိုးရေးကဏ္ဍကို သက်ရောက်မှုရှိနေသော်လည်း ဒေသခံများသည် ဆန်စပါးစိုက်ပျိုးရေးအပေါ်၌ အကြီးအကျယ်မှီခိုနေရသေးသည်။  ခြောက်သွေ့ဒေသ (မိုးပါးဒေသ)၊ စိုစွတ်ဒေသ (မိုးများဒေသ) နှင့် စပ်ကြားရာသီဥတုဒေသဟူ၍ နှစ်စဉ်မိုးရေချိန်ရရှိမှုအပေါ်အခြေခံပြီး သီရိလင်္ကာကို…

Back to top button