Burmese Articles

  • အဏ္ဏဝါသက်ရှိ အမြောက်အမြား မျိုးသုဥ်းမှုဖြစ်ပေါ်လာနိုင်ကြောင်း သိပ္ပံပညာရှင်များ သတိပေး.jpg

    အဏ္ဏဝါသက်ရှိ အမြောက်အမြား မျိုးသုဥ်းမှုဖြစ်ပေါ်လာနိုင်ကြောင်း သိပ္ပံပညာရှင်များ သတိပေး

    News General News Editorials Burmese Articles Water Themes Water Governance Disaster & Flooding River & Inland Waters Myanmar Water Portal Tuesday, 01 November 2022 ကမ္ဘာကြီးစတင်အသက်ဝင်ခဲ့ချိန်မှစ၍ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းပျောက်ကွယ်ခြင်းဖြစ်စဉ်ပေါင်း အနည်းဆုံး ငါးခု ထိ ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။ ယခုမျက်မှောက်ကာလတွင်လည်း နောက်ထပ် မျိုးသုဉ်းပျောက်ကွယ်မှုဖြစ်စဉ်မျိုး သမုဒ္ဒရာထဲတွင် ထပ်မံပေါ်ပေါက်လာတော့မည့် အရိပ်အယောင်ရှိနေပေပြီ။ ရာသီဥတုပြောင်းလဲမှုသာ အရှိန်အဟုန်ပြင်းပြင်းနှင့် ဆက်လက် ဖြစ်ပေါ်နေမည်ဆိုပါက နှစ်သန်းပေါင်း ရာဂဏန်း များစွာထိကို မမြင်ဖူးသေးခဲ့သော ကမ္ဘာတစ်ဝှမ်းမှ အဏ္ဏဝါ သက်ရှိများ အစုလိုက်အပြုံလိုက် သေကြေပျက်စီးမှုများကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့မည်ဖြစ်သည်။ဤအကြောင်းအရာသည်…

  • ရေရှားပါးမှုနှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် အချက်(၁၀)ချက်

    ရေရှားပါးမှုနှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် အချက်(၁၀)ချက်

    News General News Editorials Burmese Articles Water Themes Water Governance Industry & Economic Development River & Inland Waters Water Supply Myanmar Water Portal Thursday, 01 December 2022 သန့်ရှင်းသော ရေရှိမှုသည် အထူးအခွင့်အရေး ရယူခြင်းတစ်ခု မဟုတ်ပေ။ ၎င်းသည် မဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ကမ္ဘာကြီး၏ အစိတ်အပိုင်း တော်တော်များများကို ရေထုဖြင့် လွှမ်းခြုံထားသော်လည်း ထိုရေအများစုမှာ လူသားများ သောက်သုံးရန်အတွက် မသင့်တော်ပေ။ World Widlife Federation ၏ အဆိုအရ ကမ္ဘာ့ရေထု၏ ၃ရာခိုင်နှုန်းမျှကသာ…

  • ရေနှင့်သက်ဆိုင်​သော ​နောက်ဆုံး​ပေါ် နည်းပညာများနှင့် ဆန်းသစ်တီထွင်မှုများ

    ရေနှင့်သက်ဆိုင်​သော ​နောက်ဆုံး​ပေါ် နည်းပညာများနှင့် ဆန်းသစ်တီထွင်မှုများ

    News Editorials Burmese Articles Water Themes Industry & Economic Development Water Supply Myanmar Water Portal Thursday, 23 December 2021 နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်များနဲ့ ဆန်းသစ်တီထွင်မှုများက အနာဂတ် ရေကဏ္ဍအတွက် မရှိမဖြစ် အရေးပါပါတယ်။ ဒီဆောင်းပါးမှာ ရေအခန်းကဏ္ဍအတွင်း ဖွံဖြိုးတိုးတက်လာတဲ့ နောက်ဆုံးပေါ်နည်းပညာများကို စုစည်းဖော်ပြထားပါတယ်။  တောင်အာဖရိကစျေးကွက်သို့ ဝင်ရောက်လာသော လျှပ်စစ်မီးမလိုသော မိလ္လာစနစ် Photo Source: WEC Projects South Florida တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်များနဲ့ Water Research Commission ရဲ့ SASTEP စွန့်ဦးတီထွင်သူတို့ ပူးပေါင်းပြီး ဘက်စုံအသုံးပြုနိုင်တဲ့၊ လျှပ်စစ်မီးမလိုတဲ့…

  • “မမြင်နိုင်သော” မြေအောက်ရေကို “မြင်နိုင်အောင်“ ပြုလုပ်ခြင်း (groundwater Making The Invisible Visible)

    “မမြင်နိုင်သော” မြေအောက်ရေကို “မြင်နိုင်အောင်“ ပြုလုပ်ခြင်း (GROUNDWATER – MAKING THE INVISIBLE VISIBLE)

    News Editorials Burmese Articles Water Themes Water Governance River & Inland Waters Agriculture & Irrigation Water Supply Myanmar Water Portal Wednesday, 02 March 2022 “GROUNDWATER – MAKING THE INVISIBLE VISIBLE” Groundwater is invisible, but its impact is visible everywhere “မမြင်နိုင်သော” မြေအောက်ရေကို “မြင်နိုင်အောင်” ပြုလုပ်ခြင်း။ မမြင်ရသောမြေအောက်ရေသည်မြင်ရသည့်နေရာတိုင်းမှာ အကျိုးသက်ရောက်စေ၏။ ကမ္ဘာ့ရေနေ့နှင့်မြေအောက်ရေ ။     ။ ကုလသမဂ္ဂအဖွဲ့အစည်းလက်အောက်ခံ အပြည်ပြည်ဆိုင်ရာပညာရှင်များနှင့် ကျွမ်းကျင်သူများပါဝင်သောအဖွဲ့အစည်းများ တိုင်ပင်ဆွေးနွေးပြီး…

  • မြစ်ဝကျွန်းပေါ်များကို ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းမှ ကာကွယ်ရန် နည်းလမ်း ၄ သွယ်

    မြစ်ဝကျွန်းပေါ်များကို ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းမှ ကာကွယ်ရန် နည်းလမ်း ၄ သွယ်

    News Editorials Burmese Articles General Water Themes Disaster & Flooding River & Inland Waters Myanmar Water Portal Wednesday, 06 July 2022 အလျင်အမြန်မြင့်တက်နေသော ပင်လယ်ရေမျက်နှာပြင်၏ြခိမ်းခြောက်မှုဒဏ်ကိုခံနေရသော မြစ်ဝကျွန်းပေါ်တို့သည် ရေအောက်နစ်မြုပ်တော့မည့် အခြေအနေနှင့်ရင်ဆိုင်နေရသည်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှု၏ သက်ရောက်မှုဒဏ်ကိုကာကွယ်နိုင်ရန်အတွက်ဆိုလျှင် မြစ်ဝကျွန်းပေါ်မြေများကို မြစ်တို့မှရရှိသော သဲများ၊ ရွှံ့မြေများနှင့် မြှင့်တင် ထားရန်လိုအပ်သည်။ သို့သော်ငြား မြစ်များမှ ပံ့ပိုးပေးနိုင်သော သဲနဲ့ ရွှံ့မြေ တို့မှာ ကမ္ဘာနှင့်အဝှမ်း လျော့နည်းကျဆင်းလာပြီဖြစ်ပြီး မြစ်ဝကျွန်းပေါ် များအထိ မရောက်ရှိနိုင်တော့သည့်အတွက် ရေကြီးမှုများ၊ မြေဆုံးရှုံးမှုများနှင့်ရင်ဆိုင်လာနေရသည်။ Utrecht…

  • ရေအတွက် အနာဂတ်လမ်းကြောင်း

    ရေအတွက် အနာဂတ်လမ်းကြောင်း

    UC Berkeley မှ ပါမောက္ခတစ်ဦးလည်းဖြစ်၊ ရေ ၄.၀ (water 4.0) ကို ရေးသားသူလည်းဖြစ်တဲ့ ပါမောက္ခ David Sedlak သည် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု အတွက် လာမယ့် အနာဂတ်ရေလမ်းကြောင်းအပေါ်မှာ သူ့ရဲ့ အမြင်ကို ဝေမျှခဲ့ပါတယ်။ ပထမဦးဆုံးကတော့ လူသားတွေဟာ ရေအရင်းအမြစ်များကို ရယူခြင်း၊ သန့်စင်ခြင်း နှင့် ပေးဝေခြင်းများအတွက် ရေအခြေခံအဆောက်အအုံများကို လုံးလုံးလျားလျား မှီခိုရသည့် ခက်ခဲသော လမ်းကြောင်း (hard path) နှင့် စတင်ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး နောက်ပိုင်းနှစ်များမှာဆိုရင် တဟုန်ထိုးတိုးပွားလာသော လူဦးရေ နှင့် စီးပွားရေး ကျယ်ပြန့်လာမှု များကြောင့် လိုအပ်လာတဲ့ ရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လူ့အဖွဲ့အစည်းတစ်ခုလုံးသည်…

  • B2ap3 Large Cover.png

    သဘာဝအခြေပြုဖြေရှင်းနည်း (Nature-based Solutions) ဆိုတာ ဘာတွေလဲ

    သဘာဝအခြေပြုဖြေရှင်းနည်း (Nature-based Solutions) ဆိုတာ ကြုံတွေ့နေရတဲ့ အမျိုးမျိုးသော အခက်အခဲ၊ စိန်ခေါ်မှုတွေကို သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တစ်ခုလုံးရဲ့ ရှုထောင့်ကနေခြုံငုံပြီး ကာကွယ်ဖြေရှင်းပေးနိုင်တဲ့ “ထီး” သဖွယ် တင်စားလို့ ရနိုင်ပါတယ်။ သဘာဝအခြေပြုဖြေရှင်းနည်းတွေထဲမှာ ဂေဟစနစ် မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းပေးခြင်း၊ ရေရှည်အတွက် စနစ်တကျစီမံခန့်ခွဲခြင်းနှင့် သဘာဝတရားနှင့် လူသားမျိုးနွယ်အပေါ်မှာပါ အကျိုးဖြစ်ထွန်းစေနိုင်မယ့်နည်းလမ်းများ၊ အခြေခံအဆောက်အဦးများ ပါဝင်ပါတယ်။ သဘာဝအခြေပြုဖြေရှင်းနည်းလမ်းများသည် ရာသီဥတုပြောင်းလဲမှုအပေါ် ပြုပြင်ဆင့်ကဲနိုင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ၊ အစားအသောက် လုံလောက်ပြည့်ဝစေခြင်း၊ သန့်ရှင်းသော လေနှင့်ရေကို ရနိုင်စေခြင်း၊ သဘာဝဘေးအန္တရာယ် လျော့ချနိုင်မှု၊ ဂေဟစနစ် သမမျှတမှု အစရှိသော ပတ်ဝန်းကျင် ၊ လူမှုဝန်းကျင်နှင့် စီးပွါးရေးဆိုင်ရာ ရေရှည်အကျိုးဖြစ်ထွန်းမှုများစွာကို ဖန်တီးပေးနိုင်ပါတယ်။ သဘာဝအခြေပြုဖြေရှင်းနည်း ဟု နာမည်တပ်ထားသည့်အတိုင်း ဖြေရှင်းနည်းလမ်းများစဉ်းစားရာတွင် သဘာဝတရားးနှင့် မသွေဖယ်ဘဲ…

  • B2ap3 Large Day 5 Uy March Workshop Discussion 9.jpeg

    ရန်ကုန်တက္ကသိုလ်နှင့် နိုင်ငံတကာမှပညာရှင်များပူးပေါင်းကာ အသစ်ဖွင့်လှစ်မည့် “Water Studies” ဘွဲ့ကြိုသင်တန်းအတွက် သင်ရိုးညွှန်းတမ်း တိုင်ပင်ရေးဆွဲ

    “Water Studies” ဘွဲ့ကြိုသင်တန်းအတွက် သင်ရိုးညွှန်းတမ်းကို ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခများ၊ဆရာဆရာမများနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ နိုင်ငံတကာပညာရှင်များပူးပေါင်း၍ တိုင်ပင်ရေးဆွဲခဲ့သည်။ ဤသင်တန်းမှ ထိရောက်သောသုတေသနများ၊ သင်ကြားနည်းစနစ်များ၊ မူဝါဒဆန်းစစ် အကောင်အထည်ဖော်မှုများနှင့် သက်ဆိုင်ရာမိတ်ဖက်များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်မှုများဖြင့် သဘာဝသယံဇာတနှင့် ရေ အရင်းအမြစ်စီမံခန့်ခွဲမှု ရှုထောင့်ပေါင်းစုံအတွက် အဆင့်မြင့်ပညာရေးနယ်ပယ်တစ်ခု တစ်ခုပေါ်ပေါက်လာစေရန် ရည်မှန်းထားကြသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၈ခုနှစ်စက်တင်ဘာလ၈ရက်နေ့တွင် ကျင်းပခဲ့သည့် ရန်ကုန်တက္ကသိုလ်ပြုပြင်မွန်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ နိဂုံးချုပ်အမှာစကားတွင် ဥပဒေဆိုင်ရာ ပညာရပ်များ နှင့် ရေနှင့်သက်ဆိုင်ရာ (“Water Studies”) ပညာရပ်များအား တိုးတက်ပြန့်ပွားစေရန် အလေးထားဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ သို့ဖြစ်၍ “NUFFIC Orange Knowledge Program” ၏ပံ့ပိုးမှုဖြင့် “Water Studies” ဘွဲ့ကြိုသင်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းအတွက်…

  • B2ap3 Large Yu Cover.jpg

    နိုင်ငံတကာရှိ ပညာရှင်များနှင့် ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ်၌ ရေဘက်ဆိုင်ရာ လေ့လာရေး ဘာသာရပ် “Water Studies” အား အထူးကျွမ်းကျင်မှုစင်တာ တစ်ခုအဖြစ် လာမည့် ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေ

    ရန်ကုန်တက္ကသိုလ်၌ ပထမဦးဆုံး သဘာဝသိပ္ပံနှင့် လူမှုရေးသိပ္ပံ ပေါင်းစပ်သင်ကြားပေးမည့် ရေဘက်ဆိုင်ရာလေ့လာခြင်း “Water Studies” ဟုခေါ်သော ဘွဲ့ကြိုသင်တန်းတစ်ခု ဖွင့်လှစ်တော့မည့် အကြောင်းကို သင်သိပါသလား။ ဤသို့ဆိုလျှင် ရေဘက်ဆိုင်ရာလေ့လာခြင်း “Water Studies” ဆိုတာဘာလဲ။ မည်သည့်သင်ရိုးတွေပါဝင်မလဲ ဆိုတာအခြေခံရှင်းပြပါရစေ။   “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်စေချင်သည်မှာ မြန်မာနိုင်ငံ၌ ရေဘက်ဆိုင်ရာ လေ့လာခြင်းတွင် အထူးကျွမ်းကျင်မှုစင်တာ တစ်ခုဖြစ်ထွန်းလာချင်ရုံသာမကပဲ အနာဂတ်တွင် အာဆီယံကိုယ်စားပြု Water Hub တစ်ခု တည်ထောင်ရန် ဆန္ဒရှိသည်” တွဲဖက်ပါမောက္ခဒေါက်တာစောယုမေ ရေဘက်ဆိုင်ရာလေ့လာခြင်းများ ဆိုသည်မှာအဘယ်နည်း။ ယေဘုယျအားဖြင့် ရေဘက်ဆိုင်ရာလေ့လာခြင်းများ ဆိုသည်မှာ သဘာ၀ ရေအရင်းအမြစ်များနှင့် ၄င်း၏စိန်ခေါ်မှုများကိုလေ့လာခြင်း နှင့် လူတို့၏ကျန်းမာရေးနှင့် အသက်မွေး၀မ်းကျောင်းမှုကို ကာကွယ်ရန်၊ ရေနေဂေဟစနစ်များနှင့် ရေအရင်းအမြစ်များအား ပြန်လည်ဖြည့်တင်းရန်နှင့်…

  • B2ap3 Large B2ap3 Large Img 505 20200716 093942 1.jpg

    ရန်ကုန်မြို့ရှိ မိုးရေစုဆောင်းသော ပုရွက်ဆိတ်များ

    ရန်ကုန်မြို့သာကေတမြို့နယ်တွင်နေထိုင်သော အသက်၇၇နှစ်အရွယ်ရှိ ဒေါ်ခင်အေးကြူ “မိုးရေကိုကြိုစုထားမယ်ဆိုရင် ရာသီဥတုပူတဲ့နွေရာသီရောက်ရင် ရေပြတ်မှာ စိတ်မပူရတော့ဘူးပေါ့”  ရန်ကုန်မြို့သာကေတမြို့နယ်တွင်နေထိုင်သော အသက်၇၇နှစ်အရွယ်ရှိ ဒေါ်ခင်အေးကြူ ဆောင်းတွင်းအတွက် အစားအစာတွေကိုကြိုးကြိုးစားစား ကြိုတင်စုဆောင်းနေတဲ့ ပုရွက်ဆိတ်လေးအကြောင်းကို ပြောပြထားတဲ့ “ပုရွက်ဆိတ်နှင့် နှံကောင်” ပုံပြင်လေးအကြောင်းအားလုံးကြားဖူးကြမှာပါ။ မမြင်နိုင်တဲ့အနာဂတ်အတွက် လက်ရှိအချိန်ကတည်းက ကြိုတင်ကြိုးစားအားထုတ်ထားခြင်းရဲ့အကျိုးကို ဖော်ညွှန်းထားတဲ့ ဒီပုံပြင်လေးထဲကအတိုင်း ရန်ကုန်မြို့တွင်လည်း နွေရာသီမှာရေနဲ့ငွေကြေးကိုချွေတာနိုင်ဖို့ မိုးရာသီကတည်းက မိုးရေကိုခံယူစုဆောင်းအသုံးပြုနေတဲ့သူတွေရှိပါတယ်။ သာကေတမြို့နယ်မှာနှစ်ပေါင်းသုံးဆယ်ကျော်ကြာနေလာခဲ့တဲ့ အသက်၇၇နှစ်အရွယ် ဒေါ်ခင်အေးကြူဟာ မိုးရာသီတိုင်းမှာမိုးရေကိုခံယူစုဆောင်းသုံးစွဲတဲ့အတွက် ရေသန့်ဘူးဖိုးနဲ့ ရေစက်မောင်းရန်ကုန်ကျမယ့်မီတာခများကို နှစ်စဥ်ချွေတာနိုင်ခဲ့ပါတယ်။ သူမနေထိုင်တဲ့သာကေတမြို့နယ်ဟာ ရန်ကုန်မြို့လယ်ခေါင်ရဲ့ အရှေ့ဘက်မှာတည်ရှိပြီးတော့ ရန်ကုန်မြို့ကိုရေပေးဝေနေတဲ့ ရေလှောင်ကန်တွေနဲ့ အဝေးဆုံးနေရာမှာရှိတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒေါ်ခင်အေးကြူလို သာကေတမှာနေထိုင်တဲ့သူအများစုဟာ ဘုံဘိုင်ရေ(စည်ပင်မှပေးဝေသောရေ)ကို မရရှိကြပါဘူး။ သူမဟာ ငယ်ကတည်းက မိုးရေကို သောက်ဖို့သုံးဖို့အတွက်…

Back to top button